Senior Accountant
- Reporting locationHlaing Township, Yangon
- Working hours9:00 AM – 5:00 PM
Review the requirements and apply online.

Staff image is illustrative.
ရာထူးရည်ရွယ်ချက်
ရွှေနွားလေး ဒိန်ချဉ်နှင့်မုန့်တိုက်မှ ထုတ်လုပ်ရေး၊ ဖြန့်ချိရေးနှင့် လက်လီဆိုင်ခွဲများ၏ စာရင်းများကို ကြီးကြပ်ပြီး လစဉ်စာရင်းပိတ်ခြင်းနှင့် ဘဏ္ဍာရေးအစီရင်ခံစာ ပြုစုခြင်းတို့ကို တာဝန်ယူနိုင်မည့် Senior Accountant ခေါ်ယူနေပါတယ်။
အဓိကတာဝန်များ
နေ့စဉ်စာရင်း စစ်ဆေးခြင်းနှင့် လစဉ်စာရင်းပိတ်ခြင်း
နေ့စဉ် အရောင်း၊ အဝယ်၊ အသုံးစရိတ်နှင့် ငွေဝင်ငွေထွက်စာရင်းများကို စစ်ဆေးပြီး လကုန်စာရင်း အချိန်မီ ပိတ်ရန်။
POS စာရင်းနှင့် လက်ကျန်ငွေများ စစ်ဆေးခြင်း
ဆိုင်ခွဲနှင့် ဖြန့်ချိရေးအဖွဲ့၏ POS အရောင်းစာရင်းကို လက်ခံရငွေ၊ ဘဏ်သွင်းငွေနှင့် တိုက်ဆိုင်စစ်ဆေးရန်။ အကြွေးရောင်းစာရင်း၊ ရရန်ငွေနှင့် ပေးရန်ငွေ လက်ကျန်များကို ကြီးကြပ်ရန်။
ကုန်ပစ္စည်းလက်ကျန်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်
Store နှင့် Production အဖွဲ့တို့နှင့် ညှိနှိုင်းပြီး ကုန်ကြမ်း၊ ထုပ်ပိုးပစ္စည်းနှင့် ကုန်ချောလက်ကျန်များကို စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးရန်။ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် စာရင်းကွာဟချက်များကို သုံးသပ်ရန်။
ဘဏ္ဍာရေးအစီရင်ခံစာ ပြုစုခြင်း
လစဉ် အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းနှင့် ငွေသားစီးဆင်းမှုစာရင်း ပြုစုပြီး စီမံခန့်ခွဲရေးအဖွဲ့ထံ တင်ပြရန်။
စာရင်းအဖွဲ့ ကြီးကြပ်ခြင်း
စာရင်းအဖွဲ့၏ လုပ်ငန်းများကို ကြီးကြပ်ပြီး စာရင်းစစ်နှင့် အခွန်ဆိုင်ရာ လိုအပ်သည့် စာရွက်စာတမ်းများ ပြင်ဆင်ပေးရန်။
လျှောက်ထားရန် အရည်အချင်းများ
ပညာအရည်အချင်း
စာရင်းကိုင်၊ ဘဏ္ဍာရေး သို့မဟုတ် သက်ဆိုင်ရာဘွဲ့ ရရှိထားသူ၊ သို့မဟုတ် LCCI LEVEL 3 အောင်မြင်ထားသူ။
အတွေ့အကြုံ
စာရင်းကိုင်လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၅ နှစ် ရှိပြီး Manual ဖြင့် လစဉ်စာရင်းပိတ်ခြင်းနှင့် ဘဏ္ဍာရေးအစီရင်ခံစာများကို ကိုယ်တိုင် ပြုစုနိုင်သူ။
စာရင်းကိုင်နည်းပညာနှင့် ကျွမ်းကျင်မှု
Advanced Excel နှင့် SQL Accounting Software အသုံးပြုနိုင်သူ။ ထုတ်လုပ်ရေး၊ F&B၊ FMCG သို့မဟုတ် Distribution လုပ်ငန်းတွင် Stock Accounting နှင့် Costing အတွေ့အကြုံရှိသူကို ဦးစားပေးပါမယ်။
လျှောက်ထားရန်
ပေးပို့ရန်
CV နှင့် မျှော်မှန်းလစာကို လျှောက်လွှာတွင် ပေးပို့ပါ။