Sales & Marketing Manager
- Reporting locationHlaing Township, Yangon
- Working hours9:00 AM – 5:00 PM
Review the requirements and apply online.

Staff image is illustrative.
ရာထူးရည်ရွယ်ချက်
ရွှေနွားလေး၏ Distribution၊ Retail Shop နှင့် Home Delivery လမ်းကြောင်း ၃ ခုအတွက် Sales & Marketing Strategy ကို ဦးဆောင်ရေးဆွဲပြီး ရောင်းအား၊ စုစုပေါင်းအမြတ်နှင့် ဖောက်သည်ပြန်ဝယ်နှုန်း တိုးတက်ရေးကို တာဝန်ယူရပါမယ်။
အဓိကတာဝန်များ
Sales Strategy & Targets
လမ်းကြောင်းအလိုက် လစဉ်နှင့် သုံးလပတ် ရောင်းအား၊ စုစုပေါင်းအမြတ် ပန်းတိုင်များ သတ်မှတ်ခြင်း။ အဖွဲ့အလိုက် Target ခွဲဝေပြီး ရလဒ်ကို အပတ်စဉ် သုံးသပ်ကာ လိုအပ်သလို အရောင်းအစီအစဉ် ပြင်ဆင်ခြင်း။
Marketing Plan & Budget
ဖောက်သည်လိုအပ်ချက်နှင့် ပြိုင်ဘက်အခြေအနေကို သုံးသပ်ပြီး Campaign၊ Promotion နှင့် Online Marketing , Offline Marketing အစီအစဉ်များ ချမှတ်ခြင်း။ Budget ကို စီမံပြီး Campaign အလိုက် ရောင်းအား၊ အမြတ်နှင့် အသုံးစရိတ်ကို သုံးသပ်ခြင်း။
Distribution & Trade
Modern Trade၊ General Trade နှင့် လက်ကားမိတ်ဖက်များကို စီမံခြင်း။ အရောင်းဆိုင်အသစ် ဖွင့်လှစ်ချိတ်ဆက်မှု၊ ပစ္စည်းရရှိနိုင်မှု၊ စင်ပေါ်မြင်သာမှုနှင့် အချိန်မီ ပြန်လည်ဖြည့်တင်းမှုကို အရောင်းအဖွဲ့နှင့် တိုးတက်အောင် ဆောင်ရွက်ခြင်း။
Retail & Home Delivery
ဆိုင်ခွဲနှင့် Home Delivery အတွက် Promotion၊ Product Bundle နှင့် ဖောက်သည်ပြန်ဝယ်ရေး အစီအစဉ်များ ဦးဆောင်ခြင်း။ ပျမ်းမျှဘောင်ချာတန်ဖိုး၊ အော်ဒါဖြစ်လာနှုန်းနှင့် အော်ဒါတစ်ခုချင်းစီမှ ကျန်ငွေကို သုံးသပ်ပါ။
Team Leadership & Reporting
အဖွဲ့ဝင်များကို တာဝန်နှင့် KPI သတ်မှတ်ပေးပြီး လေ့ကျင့်ပံ့ပိုးခြင်း။ ရောင်းအားခန့်မှန်းချက်ကို Production နှင့် Warehouse တို့နှင့် ညှိနှိုင်းပြီး လစဉ် အရောင်း၊ အမြတ်နှင့် Campaign ရလဒ်များကို စီမံခန့်ခွဲရေးအဖွဲ့ထံ တင်ပြခြင်း။
လျှောက်ထားရန် အရည်အချင်းများ
လုပ်ငန်းအတွေ့အကြုံ
Sales & Marketing Manager ရာထူးနှင့် အတွေ့အကြုံ အနည်းဆုံး ၅ နှစ်။ FMCG၊ သို့မဟုတ် Distribution အတွေ့အကြုံရှိသူကို ဦးစားပေးပါမယ်။
လုပ်ငန်းကျွမ်းကျင်မှု
Sales Target၊ Marketing Budget နှင့် Campaign များ စီမံနိုင်သူဖြစ်ရမည်။ Excel သို့မဟုတ် Google Sheets ဖြင့် အရောင်း၊ အမြတ်နှင့် Campaign ရလဒ်များကို သုံးသပ်တင်ပြနိုင်သူဖြစ်ရမည်။
ညှိနှိုင်းဆောင်ရွက်မှု
အရောင်းအဖွဲ့၊ ဆိုင်ခွဲနဲ့ မိတ်ဖက်ဆိုင်တွေကို ထိရောက်စွာ ညှိနှိုင်းနိုင်သူ။ ရန်ကုန်မြို့တွင်း ကွင်းဆင်းနိုင်သူဖြစ်ရမည်။
လျှောက်ထားရန်
ပေးပို့ရန်
CV နှင့် မျှော်မှန်းလစာနှင့် မိမိဦးဆောင်ခဲ့သည့် Campaign သို့မဟုတ် Sales Project တစ်ခု၏ ရည်မှန်းချက်၊ ကိုယ်တိုင်တာဝန်ယူခဲ့သည့်အပိုင်းနှင့် တိုင်းတာနိုင်သောရလဒ်ကို ပေးပို့ရန်။