Bakery Chef
- Reporting locationHlaing Township, Yangon
- Working hours8:00 AM – 5:00 PM (Operation Hours)
Review the requirements and apply online.

Staff image is illustrative.
ရာထူးရည်ရွယ်ချက်
ရွှေနွားလေး ဆိုင်ခွဲများအတွက် တန်ဖိုးမြင့် Bakery ထုတ်ကုန်များကို အရသာ၊ အရည်အသွေး ပြည့်မှီအောင်ထုတ်လုပ်နိုင်ရမည်။
အဓိကတာဝန်များ
Bakery Production
နေ့စဉ် အော်ဒါနှင့် ဆိုင်ခွဲလိုအပ်ချက်အလိုက် ထုတ်လုပ်မှုကိုစီစဉ်ပြီး ပေါင်မုန့်၊ ကိတ်မုန့်နှင့် အခြား Bakery ပစ္စည်းများကို သတ်မှတ် Recipe အတိုင်း ထုတ်လုပ်ရန်။
Quality & Hygiene
ကုန်ကြမ်းအလေးချိန်၊ မုန့်အရွယ်အစား၊ အရသာနှင့် အရည်အသွေးကို စစ်ဆေးရန်။ Bakery Team စီမံခန့်ခွဲရေး၊ လုပ်ငန်းခွင်၊ အသုံးအဆောင်နှင့် သိုလှောင်နေရာ သန့်ရှင်းမှုကို အသေးစိတ်ကြီးကြပ်ရန်။
Stock & Waste Control
ကုန်ကြမ်းလက်ကျန်၊ သက်တမ်းနှင့် အလေအလွင့်ကို မှတ်တမ်းတင်ပြီး လိုအပ်ချက်ကို ကြိုတင်တင်ပြရန်။ ရှိပြီးသား Recipe များကို တိုးတက်စေပြီး မုန့်အသစ်များ အချိန်မှန်ထုတ်လုပ်နိုင်ရန်။
လျှောက်ထားရန် အရည်အချင်းများ
အတွေ့အကြုံ
Bakery Production အတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိပြီး ပေါင်မုန့်နှင့် ကိတ်မုန့်များကို ကိုယ်တိုင်ပြင်ဆင် ဖုတ်လုပ်နိုင်သူ။
ကျွမ်းကျင်မှု
Oven၊ Mixer နှင့် အခြား Bakery စက်ပစ္စည်းများ အသုံးပြုနိုင်သူ။ Recipe အတိုင်း ပမာဏချိန်ညှိပြီး အဖွဲ့နှင့် အချိန်မီ ထုတ်လုပ်နိုင်သူ။
လျှောက်ထားရန်
ပေးပို့ရန်
CV၊ မျှော်မှန်းလစာနှင့် မိမိထုတ်လုပ်ဖူးသည့် မုန့်အမျိုးအစားများကို ပေးပို့ပါ။ လက်ရာဓာတ်ပုံများ ရှိပါက ပူးတွဲပေးပို့နိုင်ပါတယ်။